Friday 5 March 2010

စာဖတ်တာကို ၀ါသနာတခုလို့ ဆိုရင်မှန်မလားမသိဘူးနော်
ဘာပဲဖြစ်ဖြစ် စာဖတ်ရတာကို သဘောကျတယ်.....
စိတ်တည်ငြိမ်မှလဲ စာဖတ်လို့ ရတာလို့ ထင်တယ်(ကိုယ့်စိတ်နဲ့ နှိုင်းပြီးပြောတာပါ၊မှားတာရှိရင်ခွင့်လွှတ်ပါ)
ပထမဆုံးဖတ်ဖူးတဲ့ စာအုပ်ဆို ဆရာမဂျူးရဲ့  `ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ´ ပြီးတော့ `လေရူးတသုန်သုန်´
နောက်တော့ အရမ်းစွဲလမ်းလာတယ် ..တချိန်ကုန်စာပဲဖတ်ချင်တယ်...မုန့် မစား၊အလှအပ ပစ္စည်းတွေမ၀ယ်ပဲ
စာအုပ်တွေပဲ ၀ယ်တယ် ..စာအုပ်ကို ငှားဖတ်တာထက် ၀ယ်ဖတ်ရတာကို ပိုသဘောကျတယ်...
ကိုယ့် ဆီမှာ ဒီစာအုပ်လေးရှိပါလားဆိုပြီး ဂုဏ်ယူတယ်...သူငယ်ချင်းမိန်းကလေးတွေဆုံလို့  အ၀တ်အစားအကြောင်းတွေမဆွေးနွေးနိုင်လဲ အားမငယ်ပေါင်....
နောက် နိုင်ငံခြားဆိုတဲ့  နေရာကိုရောက်လာတော့ အင်တာနက်ထဲဖတ်လို့ ရတဲ့ အီးဘွတ်လေးတွေရှာဖတ်တယ်
ဒါပေမယ့် အားမရဘူး..မရှိတာထက်စာရင် ဖတ်လို့ ရနေသေးတော့ တော်ပါသေးတယ်လေ...
ဒါပေမယ့် အခုတလော စာအုပ်တွေမဖတ်ဖြစ်တော့ဘူး...
ဘလော့တွေ အများကြီးလျှောက်လည်ပြီး စာတွေလိုက်ဖတ်တယ်....
အတွေ့ အကြုံ ဗဟုသုတတွေ အများကြီးရတယ်...တနေ့ တနေ့  ဘလော့ မဖတ်တဲ့ နေ့ မရှိဘူး..
အရမ်းလဲ အားကျတယ် ..စာရေးအရမ်းကောင်းကြလို့ ..ပြီးတော့ ကိုယ့် နိုင်ငံက လူတွေ တနိုင်ငံဆီနေကြပေမယ့်  ဒီဘလော့လေးတွေကြောင့် တစ်နိုင်ငံစီလို့ မထင်ရဘူး...
အားလုံးက ကွန်မန့် တွေပေးကြ၊ အားပေးကြ၊၀မ်းသာစရာရှိရင် တူတူပျော်ကြနဲ့ ...
ကောင်းလိုက်တာလို့  ....လောကကြီးမှာ ဆွေမျိုးဆိုတာ သွေးသားတော်စပ်မှမဟုတ်ပါလားလို့ လဲ
တွေးမိတယ်...
ကိုယ်နဲ့ မသိ မခင်ပေမယ့် စာတွေဖတ်ဖူးထားတော့ စိတ်ထဲမှာရင်းနှီးနေမိလို့ ပြောတာပါ..
ဒီလိုဆိုတော့လဲ အင်တာနက်ကြီးကို ကျေးဇူးတင်ရမလိုလို ...
ချက်တင်တွေ ၀င်ရင်း ဖြစ်တတ်ကြတဲ့  အိမ်ထောင်ရေးပြသာနာတွေကြားမိရင် ....
အင်တာနက်ကြီးကိုပဲ ပြေးပြီးရိုက်ချင်သလိုလို ...
ကိုယ်လဲ စိတ်ထဲရင်ထဲ ရှိတာလေးတွေ ပေါ့သွားမလားလို့  ဒိုင်ယာရီလို သဘောထားလို့ 
စာတွေရေးနေပေမယ့် တခါတလေ ရှက်မိပါတယ် (၀န်ခံတာပါ)
အားလုံးက အတွေ့ အကြုံ ဗဟုသုတတွေနဲ့ အကျိုးရှိအောင်ရေးနေကြတာပါ...
ဘာလေးပဲ ဖတ်ဖတ် စိတ်ထဲ တခုခုတော့ ကျန်ခဲ့စေတယ်လေ..
အဲတာကြောင့် ...ကိုယ့် ဘလော့လေးကိုယ်ကြည့် ပြီး ..အားငယ်ရှက်ရွံ့ မိပါတယ်လို့ ......

2 comments:

  1. ပါရမီရှင်တစ်ချို့ တစ်လေကလွဲလို့ အားလုံးဟာ တစ်က နေစကြရတာချည်းပါပဲ..
    များများရေး...ပုံမှန်ရေး
    စိတ်ထဲရှိတာရေး...
    အဲရေးပြီးယင်တော့ စာလုံးပေါင်းပြန်စစ်ယင်းနဲ့ တစ်ခေါက်ပြန်ဖတ်...
    ပြင်သင့် တာပြင်ယင်းနဲ့ တိုးတက်လာမှာ အမှန်ပါပဲ...

    ReplyDelete
  2. နိုင်းရေ...ဒီလိုပါပဲ...အားလုံးက ဒိုင်ယာရီသာသာ၊ ကိုယ် ခံစားတွေ့ကြုံ နေရတာလေးတွေ မျှဝေ ရေးသားနေကြတာပါဟယ် ပရို အဆင့်မှ မဟုတ်ကြတာ၊ ဘာဖြစ်လဲ များများ ရေးထွက်နိုင်အောင်သာ ကြိုးစားပါ...အားပေးနေပါမယ်နော်...:)

    ReplyDelete