Friday 23 April 2010

နှစ်သစ်ဆုတောင်း

အားလုံး မင်္ဂလာပါ
့ပြန်ရောက်ကတည်းက ရာသီဥတုဒဏ်တော်တော်ခံရတယ်
ပူလွန်းအားကြီးပေမယ့်  ကျယ်ကျယ်မပြောရဲဘူး
တသက်လုံးနေခဲ့ ပြီး နောက်လဲ ဆက်နေရဦးမှာ ဆိုတော့ ....
နေနိုင်အောင်လို့ သာ ကြိုးစားနေရတယ်....
ဘာတွေ ဘယ်လိုပဲပြောပြော .. ရွှေတိဂုံဘုရားကြီးဖူးရတာနဲ့ တင်...
တော်တော် စိတ်အေးချမ်းတယ်....
ရှေ့ လျှောက်လမ်းတွေ ဘယ်လိုဖြစ်မယ် သေချာမသိပေမယ့်.....
ကိုယ်ချစ်တဲ့ သူတွေ..ကိုယ်ကချစ်တဲ့ သူတွေရဲ့ အနားမှာနေရတာလဲ...
စိတ်အေးချမ်းစရာ အရမ်းကောင်းပါတယ်....
အရင်တုန်းက သူငယ်ချင်းတွေ တွေ့ပြီး စကားတွေပြောရတာလဲ အရမ်းပျော်တယ်...
စိတ်တွေလဲ အေးချမ်းနေတယ်....
နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ...
ကျန်းမာကြပါစေ...
ဘေးရန်အပေါင်းကင်းဝေးကြပါစေလို့  ဆုတောင်းရင်း.....
နှုတ်ဆက်လိုက်ပါတယ်ရှင်.....

Thursday 25 March 2010

နှုတ်ဆက်

စာတွေအများကြီးရေးချင်ပါတယ်
ရင်ထဲကပြောချင်တာတွေကိုပေါ့...
ဒါပေမယ့် စာမရေးတတ်ဘူးလို့ ကိုယ့်ဘာသာမြင်တယ်....
နောက်တပါတ် စနေကျရင်မြန်မာပြည်ပြန်တော့မယ်။
ပြန်ရောက်ရင်လဲဝင်လို့ မရမယ့်အတူတူ ခုကတည်းက ဘလော့လေးကိုနှုတ်ဆက်ခဲ့တယ်....
တခါမှ မခင်ခဲ့ဖူးတဲ့ မိတ်ဆွေတွေကိုလဲ နှုတ်ဆက်ခဲ့ပါတယ်....

Wednesday 17 March 2010

သူမအကြောင်း

ကျမရဲ့ကိုယ်ပွားလေးတခုလို့ တောင်ပြောလို့ ရတဲ့  အရမ်းရင်းနီးတဲ့  သူမက ငယ်ဘ၀အကြောင်းလေးတွေ
အမှတ်တရပြောပြချင်တယ်လို့ ဆိုလာပါတယ်......
ဘလော့မှာတင်ရေးခွင့်တောင်းဖို့ မလိုလောက်အောင် သူမနဲ့ နားလည်မှုရှိတော့..
ကျမကသူ့ အကြောင်းလေးတွေကို တဆင့်ပြန်ပြောပြမယ်နော်...
(ဒီလောက်ရင်းနီးတာ ဘယ်သူဖြစ်နိုင်မလဲဟင်)း)))
ဟိုးးးးးးးးးးလွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တုန်းက သူမကို သူမမေမေက ဗဟိုအမျိုးသမီးဆေးရုံမှာမွေးဖွားခဲ့တယ်။
သူမကို မေမေက အကြာကြီးဗိုက်မနာပဲ အပြင်ကိုမြန်မြန်ဆန်ဆန်ထွက်လာလို့  သိပ်လိမ္မာပြီးချစ်ဖို့ ကောင်းကြောင်း
ခဏခဏပြောရင် သူမကသိပ်ကြည်နူးခဲ့တာ....ပြီးတော့ သူမကမွေးကတည်းက နှုတ်ခမ်းလေးမဆိုစလောက်လေးထော်နေတော့ လာသမျှဧည့်သည်တွေ၊သူနာပြုဆရာမတွေက
နှုတ်ခမ်းလေးကို ဖိဖိသွားကြတယ်လို့ သူမမေမေကပြောဖူးတယ်။မြေးဦးလဲဖြစ်၊ သမီးဦးလဲဖြစ်တော့ အားလုံးက
သဲသဲလှုပ်ချစ်ခဲ့တာကိုတော့ ခုချိန်ပြန်တွေ့ တဲ့ သူတိုင်းက ပြောပြကြတယ်။
နောက် သူမ နှနှစ်သမီးမှာ သူမမေမေက သူမဖေဖေတာဝန်ကျတဲ့ မြို့ ကိုလိုက်နေရမယ်ဆိုတော့ ..
သူမလေးပင်ပန်းမှာစိုးလို့  ဖိုးဖိုးဖွားဖွားနဲ့  ဦးလေးတို့ ဆီမှာထားခဲ့တယ်..
မေမေနဲ့ ဖေဖေက နေ့ တိုင်းဖုန်းဆက်ပေမယ့် သူမသေးသေးလေးက ဖွားကိုမေမေထင်ပြီး မေမေ့ကို မမလို့ ခေါ်ခဲ့တယ်။ မမလို့ ခေါ်တိုင်း မေမေက မျက်ရည်ကျဝမ်းနည်းခဲ့ကြောင်းခုချိန်ပြန်ပြောတော့ သူမလဲအမြဲစိတ်မကောင်းဖြစ်မိကြောင်း ငိုမဲ့မဲ့မျက်နှာလေးနဲ့  ပြောရှာတယ်....

အဲဒီလိုနဲ့  ငါးနှစ်ပြည့်လို့ ကျောင်းတက်ခါနီးမှ မေမေကိုသေသေချာချာ သိသွားတဲ့ သူမ က ဘ၀မှာ
အံ့သြ၀မ်းသာမှုတွေကို အများကြီးလိုချင်တယ်တဲ့ ....တခါတုန်းကဆို သူမ ကိုးနှစ်ပြည့်မွေးနေ့ မှာ အိပ်ရာထတော့ ခြေရင်းဖိနပ်ချွတ်မှာ လေဒီရှုးလှလှလေးတွေ့ တော့ အရမ်းပျော်သွားတာ.....
အရမ်းသဘောကျတဲ့  ဖိနပ်လေးလဲဖြစ်ပြီး သူမကိုလဲဘယ်သူကမှကြိုမပြောထားဘူးလေ....
ဒီလို အံ့သြမှုကို အဲဒီတကြိမ်ပဲရဖူးပြီး နောက်ထပ်စောင့်ခဲ့ပေမယ့် မွေးနေ့ ဆို ဆိုင်ခေါ်ပြီး ဘာယူမလဲလို့ မေးတာတွေ ပဲရှိခဲ့တယ်....ဒါကြောင့်ဖိနပ်လေးဝယ်ပေးတဲ့  ဦးလေးကို သူမကအရမ်းကျေးဇူးတင်ပြီး ပိုချစ်ခဲ့တယ်... ဒါပေမယ့် သူမက အဲဒီလိုအံ့သြ၀မ်းသာစရာတွေလိုချင်မှန်း...
ဘယ်သူကမှ မသိသလို သူမဒီအသက်အရွယ်ထိဘယ်သူ့ ကိုမှလဲဖွင့်မပြောခဲ့ဘူးလေ....
ပြီးတော့ သူမက ဖွင့်ပြောလိုက်ပြီးမှ ရတဲ့ အရာဝတ္ထုမျိုးကိုလဲ မကြိုက်ဘူးဆိုပဲ.....

ပြီးတော့ သူမက သံယောဇဉ်ကြီးပြီးအရမ်းတွယ်တာတတ်တဲ့ အကြောင်းလဲပြောပြသေးတယ်.....
သိတတ်စအရွယ်ကနေ ခုချိန်ထိ နေရာသစ်၊ပစ္စည်းသစ်တွေ ဆိုရင် မကြိက်ဘဲ မြင်မကောင်းလို့ လူကြီးတွေက
လွှင့်ပစ်တဲ့ ထိ ထားပြီးသုံးတတ်တဲ့အကြောင်း၊ သူမမေမေက သူမအရုပ်အဟောင်းလေးကို သူများပေးလိုက်လို့ 
မေမေ့ကို တပါတ်လောက်စိတ်ကောက်ဖူးတယ်လို့ ပြောပြီး သူမကရီနေတာ.......
အသက်ကြီးလာတော့ ဒီလိုတွယ်တာတပ်မက်တာတွေကမကောင်းမှန်းသိလာပါပြီလေ ဆိုပြီး...သူမက လူကြီးလိုပြောသေးတာ....

သူမက သူမဘေးမှာရှိတဲ့ ချစ်ရတဲ့သူတွေကိုလဲ စိတ်ချမ်းသာအောင်ထားချင်တယ်တဲ့ ...
လိုအပ်ချက်တွေဖြည့်ဆည်းပေးပြီး စောင့်ရှောက်ချင်သတဲ့ ....သူမသိပ်ချစ်တဲ့ သူ့ (ခင်ပွန်း)ကိုလဲ...
နေကောင်းလား၊ထမင်းစားကောင်းရဲ့လား၊စိတ်ချမ်းသာရဲ့လားဆိုပြီး အရိပ်လေးတစ်ခုလို စောင့်ကြည့်ချင်တယ်တဲ့ 
သူနဲ့ တူတဲ့  သားသားမီးမီးလေးတွေလဲ မွေးပေးချင်သေးတာဆိုပြီး ရှက်ပြုံးလေးရီလို့ .....
နောင်အသက်တွေကြီးလာမယ့် သူမဖေဖေနဲ့ မေမေကော၊တယောက်တည်းပဲရှိတော့တဲ့  သူ့ မေမေကိုကော...
ပြုစုပြီး မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနေချင်တဲ့  အကြောင်းပြောပြီး သူမက ဒီနေ့ တော့ အိပ်ချင်နေပြီတဲ့ ..
နောက်ကျရင်လဲ ထပ်ပြောပြချင်သေးတယ်ပြောပြီး စိတ်ကူးလေးယဉ်လို့  အိပ်ပျော်သွားတော့တယ်......