Thursday 25 March 2010

နှုတ်ဆက်

စာတွေအများကြီးရေးချင်ပါတယ်
ရင်ထဲကပြောချင်တာတွေကိုပေါ့...
ဒါပေမယ့် စာမရေးတတ်ဘူးလို့ ကိုယ့်ဘာသာမြင်တယ်....
နောက်တပါတ် စနေကျရင်မြန်မာပြည်ပြန်တော့မယ်။
ပြန်ရောက်ရင်လဲဝင်လို့ မရမယ့်အတူတူ ခုကတည်းက ဘလော့လေးကိုနှုတ်ဆက်ခဲ့တယ်....
တခါမှ မခင်ခဲ့ဖူးတဲ့ မိတ်ဆွေတွေကိုလဲ နှုတ်ဆက်ခဲ့ပါတယ်....

Wednesday 17 March 2010

သူမအကြောင်း

ကျမရဲ့ကိုယ်ပွားလေးတခုလို့ တောင်ပြောလို့ ရတဲ့  အရမ်းရင်းနီးတဲ့  သူမက ငယ်ဘ၀အကြောင်းလေးတွေ
အမှတ်တရပြောပြချင်တယ်လို့ ဆိုလာပါတယ်......
ဘလော့မှာတင်ရေးခွင့်တောင်းဖို့ မလိုလောက်အောင် သူမနဲ့ နားလည်မှုရှိတော့..
ကျမကသူ့ အကြောင်းလေးတွေကို တဆင့်ပြန်ပြောပြမယ်နော်...
(ဒီလောက်ရင်းနီးတာ ဘယ်သူဖြစ်နိုင်မလဲဟင်)း)))
ဟိုးးးးးးးးးးလွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တုန်းက သူမကို သူမမေမေက ဗဟိုအမျိုးသမီးဆေးရုံမှာမွေးဖွားခဲ့တယ်။
သူမကို မေမေက အကြာကြီးဗိုက်မနာပဲ အပြင်ကိုမြန်မြန်ဆန်ဆန်ထွက်လာလို့  သိပ်လိမ္မာပြီးချစ်ဖို့ ကောင်းကြောင်း
ခဏခဏပြောရင် သူမကသိပ်ကြည်နူးခဲ့တာ....ပြီးတော့ သူမကမွေးကတည်းက နှုတ်ခမ်းလေးမဆိုစလောက်လေးထော်နေတော့ လာသမျှဧည့်သည်တွေ၊သူနာပြုဆရာမတွေက
နှုတ်ခမ်းလေးကို ဖိဖိသွားကြတယ်လို့ သူမမေမေကပြောဖူးတယ်။မြေးဦးလဲဖြစ်၊ သမီးဦးလဲဖြစ်တော့ အားလုံးက
သဲသဲလှုပ်ချစ်ခဲ့တာကိုတော့ ခုချိန်ပြန်တွေ့ တဲ့ သူတိုင်းက ပြောပြကြတယ်။
နောက် သူမ နှနှစ်သမီးမှာ သူမမေမေက သူမဖေဖေတာဝန်ကျတဲ့ မြို့ ကိုလိုက်နေရမယ်ဆိုတော့ ..
သူမလေးပင်ပန်းမှာစိုးလို့  ဖိုးဖိုးဖွားဖွားနဲ့  ဦးလေးတို့ ဆီမှာထားခဲ့တယ်..
မေမေနဲ့ ဖေဖေက နေ့ တိုင်းဖုန်းဆက်ပေမယ့် သူမသေးသေးလေးက ဖွားကိုမေမေထင်ပြီး မေမေ့ကို မမလို့ ခေါ်ခဲ့တယ်။ မမလို့ ခေါ်တိုင်း မေမေက မျက်ရည်ကျဝမ်းနည်းခဲ့ကြောင်းခုချိန်ပြန်ပြောတော့ သူမလဲအမြဲစိတ်မကောင်းဖြစ်မိကြောင်း ငိုမဲ့မဲ့မျက်နှာလေးနဲ့  ပြောရှာတယ်....

အဲဒီလိုနဲ့  ငါးနှစ်ပြည့်လို့ ကျောင်းတက်ခါနီးမှ မေမေကိုသေသေချာချာ သိသွားတဲ့ သူမ က ဘ၀မှာ
အံ့သြ၀မ်းသာမှုတွေကို အများကြီးလိုချင်တယ်တဲ့ ....တခါတုန်းကဆို သူမ ကိုးနှစ်ပြည့်မွေးနေ့ မှာ အိပ်ရာထတော့ ခြေရင်းဖိနပ်ချွတ်မှာ လေဒီရှုးလှလှလေးတွေ့ တော့ အရမ်းပျော်သွားတာ.....
အရမ်းသဘောကျတဲ့  ဖိနပ်လေးလဲဖြစ်ပြီး သူမကိုလဲဘယ်သူကမှကြိုမပြောထားဘူးလေ....
ဒီလို အံ့သြမှုကို အဲဒီတကြိမ်ပဲရဖူးပြီး နောက်ထပ်စောင့်ခဲ့ပေမယ့် မွေးနေ့ ဆို ဆိုင်ခေါ်ပြီး ဘာယူမလဲလို့ မေးတာတွေ ပဲရှိခဲ့တယ်....ဒါကြောင့်ဖိနပ်လေးဝယ်ပေးတဲ့  ဦးလေးကို သူမကအရမ်းကျေးဇူးတင်ပြီး ပိုချစ်ခဲ့တယ်... ဒါပေမယ့် သူမက အဲဒီလိုအံ့သြ၀မ်းသာစရာတွေလိုချင်မှန်း...
ဘယ်သူကမှ မသိသလို သူမဒီအသက်အရွယ်ထိဘယ်သူ့ ကိုမှလဲဖွင့်မပြောခဲ့ဘူးလေ....
ပြီးတော့ သူမက ဖွင့်ပြောလိုက်ပြီးမှ ရတဲ့ အရာဝတ္ထုမျိုးကိုလဲ မကြိုက်ဘူးဆိုပဲ.....

ပြီးတော့ သူမက သံယောဇဉ်ကြီးပြီးအရမ်းတွယ်တာတတ်တဲ့ အကြောင်းလဲပြောပြသေးတယ်.....
သိတတ်စအရွယ်ကနေ ခုချိန်ထိ နေရာသစ်၊ပစ္စည်းသစ်တွေ ဆိုရင် မကြိက်ဘဲ မြင်မကောင်းလို့ လူကြီးတွေက
လွှင့်ပစ်တဲ့ ထိ ထားပြီးသုံးတတ်တဲ့အကြောင်း၊ သူမမေမေက သူမအရုပ်အဟောင်းလေးကို သူများပေးလိုက်လို့ 
မေမေ့ကို တပါတ်လောက်စိတ်ကောက်ဖူးတယ်လို့ ပြောပြီး သူမကရီနေတာ.......
အသက်ကြီးလာတော့ ဒီလိုတွယ်တာတပ်မက်တာတွေကမကောင်းမှန်းသိလာပါပြီလေ ဆိုပြီး...သူမက လူကြီးလိုပြောသေးတာ....

သူမက သူမဘေးမှာရှိတဲ့ ချစ်ရတဲ့သူတွေကိုလဲ စိတ်ချမ်းသာအောင်ထားချင်တယ်တဲ့ ...
လိုအပ်ချက်တွေဖြည့်ဆည်းပေးပြီး စောင့်ရှောက်ချင်သတဲ့ ....သူမသိပ်ချစ်တဲ့ သူ့ (ခင်ပွန်း)ကိုလဲ...
နေကောင်းလား၊ထမင်းစားကောင်းရဲ့လား၊စိတ်ချမ်းသာရဲ့လားဆိုပြီး အရိပ်လေးတစ်ခုလို စောင့်ကြည့်ချင်တယ်တဲ့ 
သူနဲ့ တူတဲ့  သားသားမီးမီးလေးတွေလဲ မွေးပေးချင်သေးတာဆိုပြီး ရှက်ပြုံးလေးရီလို့ .....
နောင်အသက်တွေကြီးလာမယ့် သူမဖေဖေနဲ့ မေမေကော၊တယောက်တည်းပဲရှိတော့တဲ့  သူ့ မေမေကိုကော...
ပြုစုပြီး မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနေချင်တဲ့  အကြောင်းပြောပြီး သူမက ဒီနေ့ တော့ အိပ်ချင်နေပြီတဲ့ ..
နောက်ကျရင်လဲ ထပ်ပြောပြချင်သေးတယ်ပြောပြီး စိတ်ကူးလေးယဉ်လို့  အိပ်ပျော်သွားတော့တယ်......

Sunday 14 March 2010

စိတ်



မုန်းတယ်...
ကိုယ့်ကို အမှန်မပြောပဲ ဖုံးကွယ်ထားတဲ့ သူတွေကိုမုန်းတယ်
နိုင်ထက်ဆီးနင်းပြောတတ်တဲ့  သူတွေကိုမုန်းတယ်
ကူညီပေးချင်စိတ်မရှိတဲ့ သူတွေကိုမုန်းတယ်
ကို့ အတွက်ပဲစဉ်းစားပြီး သူများဘက်ကိုမစဉ်းစားပေးတဲ့ သူတွေကိုမုန်းတယ်...
မုန်းတယ်.............
ခုတလော လောကကြီးကို အမြင်တွေစောင်းနေတယ်.....
ဘာမှ လုပ်ချင်စိတ်မရှိဘူး...လူတွေက ကိုယ့်စိတ်ကိုနားမလည်ကြဘူး..
သူများတွေကိုသိသလောက် သူတို့ က ကိုယ့်အကြောင်းနားလည်အောင်မကြိုးစားကြဘူး......

နှင်းတွေကျတယ်...အရမ်းအေးချမ်းတယ်လို့  ခံစားရတယ်..နှင်းတွေ အမြဲရှိနေရင်ကောင်းမယ်.....
သူလဲ ကိုယ့် ကို နားလည်ရင်ကောင်းမယ်....အခုထက်ပိုပြီး......

Sunday 7 March 2010

ကြာကြာမြောင်


ဒီနေ့  နိုးလာတာနဲ့  မနက်စာဘာစားရမလဲ စဉ်းစားပြီးခေါက်ဆွဲပဲမှာစားလိုက်တယ်း))))
အများသူငါ ပြောနေကြတဲ့  ကိုရီးယားပဲခေါက်ဆွဲပါ
ခေါက်ဆွဲနှစ်မျိုးရှိတယ် တမျိုးက အနှစ်တွေကို ဆမ်းပြီးသားဆို ကြာကြာမြောင်လို့ ခေါ်ပြီး
အနှစ်တွေကို သပ်သပ် ပုဂံနဲ့ ပေးရင် ဂန်ကြာကြာန် လို့ ခေါ်ပါတယ်....
ဂန်ကြာကြာန် က ပိုအရသာကောင်းပါတယ်.. ပုံထဲမှာတော့ အနှစ်တွေဆမ်းပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရလို့ 
ဒီလို ပုံဖြစ်သွားတယ်....အခုချိန်မှာတော့ .. အားလုံးဗိုက်ထဲရောက်သွားပါပြီ...

Friday 5 March 2010

စာဖတ်တာကို ၀ါသနာတခုလို့ ဆိုရင်မှန်မလားမသိဘူးနော်
ဘာပဲဖြစ်ဖြစ် စာဖတ်ရတာကို သဘောကျတယ်.....
စိတ်တည်ငြိမ်မှလဲ စာဖတ်လို့ ရတာလို့ ထင်တယ်(ကိုယ့်စိတ်နဲ့ နှိုင်းပြီးပြောတာပါ၊မှားတာရှိရင်ခွင့်လွှတ်ပါ)
ပထမဆုံးဖတ်ဖူးတဲ့ စာအုပ်ဆို ဆရာမဂျူးရဲ့  `ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ´ ပြီးတော့ `လေရူးတသုန်သုန်´
နောက်တော့ အရမ်းစွဲလမ်းလာတယ် ..တချိန်ကုန်စာပဲဖတ်ချင်တယ်...မုန့် မစား၊အလှအပ ပစ္စည်းတွေမ၀ယ်ပဲ
စာအုပ်တွေပဲ ၀ယ်တယ် ..စာအုပ်ကို ငှားဖတ်တာထက် ၀ယ်ဖတ်ရတာကို ပိုသဘောကျတယ်...
ကိုယ့် ဆီမှာ ဒီစာအုပ်လေးရှိပါလားဆိုပြီး ဂုဏ်ယူတယ်...သူငယ်ချင်းမိန်းကလေးတွေဆုံလို့  အ၀တ်အစားအကြောင်းတွေမဆွေးနွေးနိုင်လဲ အားမငယ်ပေါင်....
နောက် နိုင်ငံခြားဆိုတဲ့  နေရာကိုရောက်လာတော့ အင်တာနက်ထဲဖတ်လို့ ရတဲ့ အီးဘွတ်လေးတွေရှာဖတ်တယ်
ဒါပေမယ့် အားမရဘူး..မရှိတာထက်စာရင် ဖတ်လို့ ရနေသေးတော့ တော်ပါသေးတယ်လေ...
ဒါပေမယ့် အခုတလော စာအုပ်တွေမဖတ်ဖြစ်တော့ဘူး...
ဘလော့တွေ အများကြီးလျှောက်လည်ပြီး စာတွေလိုက်ဖတ်တယ်....
အတွေ့ အကြုံ ဗဟုသုတတွေ အများကြီးရတယ်...တနေ့ တနေ့  ဘလော့ မဖတ်တဲ့ နေ့ မရှိဘူး..
အရမ်းလဲ အားကျတယ် ..စာရေးအရမ်းကောင်းကြလို့ ..ပြီးတော့ ကိုယ့် နိုင်ငံက လူတွေ တနိုင်ငံဆီနေကြပေမယ့်  ဒီဘလော့လေးတွေကြောင့် တစ်နိုင်ငံစီလို့ မထင်ရဘူး...
အားလုံးက ကွန်မန့် တွေပေးကြ၊ အားပေးကြ၊၀မ်းသာစရာရှိရင် တူတူပျော်ကြနဲ့ ...
ကောင်းလိုက်တာလို့  ....လောကကြီးမှာ ဆွေမျိုးဆိုတာ သွေးသားတော်စပ်မှမဟုတ်ပါလားလို့ လဲ
တွေးမိတယ်...
ကိုယ်နဲ့ မသိ မခင်ပေမယ့် စာတွေဖတ်ဖူးထားတော့ စိတ်ထဲမှာရင်းနှီးနေမိလို့ ပြောတာပါ..
ဒီလိုဆိုတော့လဲ အင်တာနက်ကြီးကို ကျေးဇူးတင်ရမလိုလို ...
ချက်တင်တွေ ၀င်ရင်း ဖြစ်တတ်ကြတဲ့  အိမ်ထောင်ရေးပြသာနာတွေကြားမိရင် ....
အင်တာနက်ကြီးကိုပဲ ပြေးပြီးရိုက်ချင်သလိုလို ...
ကိုယ်လဲ စိတ်ထဲရင်ထဲ ရှိတာလေးတွေ ပေါ့သွားမလားလို့  ဒိုင်ယာရီလို သဘောထားလို့ 
စာတွေရေးနေပေမယ့် တခါတလေ ရှက်မိပါတယ် (၀န်ခံတာပါ)
အားလုံးက အတွေ့ အကြုံ ဗဟုသုတတွေနဲ့ အကျိုးရှိအောင်ရေးနေကြတာပါ...
ဘာလေးပဲ ဖတ်ဖတ် စိတ်ထဲ တခုခုတော့ ကျန်ခဲ့စေတယ်လေ..
အဲတာကြောင့် ...ကိုယ့် ဘလော့လေးကိုယ်ကြည့် ပြီး ..အားငယ်ရှက်ရွံ့ မိပါတယ်လို့ ......

Tuesday 2 March 2010

အလွမ်းတွေ....

အခုတလောတော်တော်လွမ်းတယ်
စားလဲ သတိရတယ် ဘယ်သွားသွားလဲသတိရတယ်
သူနဲ့ စတွေ့ ပြီး သုံးနှစ်ကျော်အတွင်းတခါမှ မခွဲဖူးဘူး
ဘာဆိုင်လဲတော့မသိဘူး...၀ိုင်းဝိုင်းသီချင်းလေးတွေနားထောင်ရင် ပိုလွမ်းတယ်
တခါတလေ ကို့ ဘာသာကိုတောင်ရှက်တယ်း))
သူကတော့ လူကြီးမို့ လို့ လားမသိဘူး.. လွမ်းကြောင်းဆွေးကြောင်းသိပ်မပြောလိုဘူး
ကိုကသာ...ဟင့် ...ဒါကြောင့် ရှက်တယ်လို့ ပြောတာ (ရီနဲ့ နော်)
တခါတလေ သူနဲ့ ဗီဇက်အိုမှာ စကားပြောနေတုန်း သူ့ ဘေးကလူတွေနဲ့ ရီမောပြီးစကားပြောနေရင်
ဒီဘက်ကနေ ရန်လုပ်သေးတာ ..ဟွန်း ..ဒီကမရှိလဲပျော်နေတယ်ပေါ့လေ..ဆိုပြီး စိတ်ကောက်သေးတာ
အမှန်အတိုင်း ၀န်ခံရရင် သူနဲ့ ယူပြီး ဒီသုံးနှစ်မှာ အရမ်းစိတ်ချမ်းသာခဲ့ ရပါတယ်
မိဘတွေနဲ့ နေတုန်းက အိမ်မှာဆို သမီးအကြီးဆုံး မြေးအကြီးဆုံးဆိုတော့ ကိုက ကလေးလုပ်လို့ မရဘူး..
လူကြီးတယောက်လို နေခဲ့ ရတာ...အခုဆို မေမေတို့ ကတောင် အံ့သြနေကြတယ်
ကို တော်တော်ဆိုးလာတယ်တဲ့ ...တကယ်တော့နွဲ့ ဆိုးပါလေ..တကယ်မဟုတ်ပါဘူး
တခါတလေ ဆိုးချင်တိုင်းဆိုးပြီး သူစိတ်ဆိုးသွားလားဆိုပြီး ချောင်းကြည့်ရသေးတာ ..
သူ့ ကို ခင်ပွန်းဆိုတာထက် အကိုကြီးတယောက်လိုလဲတွယ်တာမိပါတယ်..
အဲတာကြောင့် တချိန်များ သူက ဒီဘလော့လေးကို ၀င်ကြည့်ဖြစ်ခဲ့ရင် သိစေချင်လို့ ..
ဒီ ပို့ စ်လေးကိုရေးခဲ့ ပါတယ်....
အခုချိန်ထိ ညီမလေးကို စောင့်ရှောက်ပြီးအလိုလိုက်ခဲ့ တဲ့ အတွက်ကျေးဇူးတင်ပါတယ်
နောင် ကိုလဲ ဘေးနားကနေ ပါရမီဖြည့်ဖက်တယောက်အနေနဲ့ အမြဲရှိချင်ပါတယ်
လောကဓံကို တူတူရင်ဆိုင်ပြီးဘာအခက်အခဲပဲရှိရှိ ပြောပြစေချင်တယ်.....
သူ့ မှာလဲ ကိုတယောက်တည်း၊ ကို့ မှာလဲ သူတယောက်တည်းပဲ ရှိပြီး....
အနားမှာ တသက်လုံးနေပါရစေလို့ ..............


Monday 1 March 2010

လတ်တလော စိတ်ခံစားမှု

ဟူးးးးးးးးးးးးးးးးးးးး
ပင်ပန်းတာအရမ်းပဲ
တနေ့ တနေ့  ပြန်ဖို့ အတွက်သိမ်းဆည်းစရာတွေ၊ ၀ယ်စရာတွေနဲ့ 
အရမ်းပင်ပန်းတယ်....
တခုခုဆိုလဲ ရဲရဲတင်းတင်းမဆုံးဖြတ်ရဲဘူး...အဆူခံရမှာစိုးလို့း)))))
ကို နဲ့ အသက်အများကြီးကွာတဲ့သူကိုယူထားရင်ဒီလိုပဲလားမသိဘူးနော်
ခဏခဏ အဆူခံရတယ် ပြီးရင်ပြန်လဲမချော့ဘူး ကိုကငယ်ပြီးကိုကပြန်ချော့ရတယ်း(
အော် .. ဘယ်တွေရောက်ကုန်ပြီလဲမသိဘူး... စကားတွေက...
အခုပဲ မြန်မာပြည်ပို့ ဖို့ ပစ္စည်းတွေဝယ်လာတာ
သူကြိုက်တဲ့ ကော်ဖီတွေ ကွတ်ကီးတွေ ရေညှိ အိုးးး အစုံပဲ ခေါင်းအုံးတောင်ပါသေး...
ကွန်တိန်နာနဲ့ ထဲ့ဖို့ ၊ စာတိုက်ကနေပို့ ဖို့ ၊ကိုပြန်ရင်တူတူယူသွားဖို့ နဲ့ 
မလွယ်ပါဘူးလေ.. ပစ္စည်းတွေကလဲ တအိမ်ထောင်စာလောက်ရှိတယ်
ဟိုဟာလေးလဲမထားခဲ့ချင် ဒီဟာလေးလဲသယ်သွားချင်နဲ့  ပို့ ခတွေလဲမနည်းဘူး
ဟူးးးးးးးးးးပြောချင်တော့ပါဘူးလေ
ရန်ကုန်မြန်မြန် ပြန်ရောက်မှအေးမှာပါလေ အော် စိတ်ကိုပြောတာပါ
လူကတော့ ပြန်ရောက်သွားတာနဲ့ ပူတော့မှာ.... အခုရန်ကုန်မှာတော်တော်ပူတယ်ပြောတယ်
ဒီမှာ လေးနှစ်လောက်ခင်ခဲ့ တဲ့ သူတွေကိုလဲ သံယောဇဉ်ဖြစ်နေတော့ ပြန်ရတာစိတ်မကောင်းဘူး
ဒါပေမယ့် အကြီးဆုံးသံယောဇဉ်ကရန်ကုန်ရောက်နှင့်နေတော့လဲ .....
ကိုကပြန်ချင်လွန်းအားကြီးလို့ မဟုတ်ပါဘူးလေ ...
သူကတော်ကြာ ကို့ ကို အရမ်းလွမ်းနေမှာစိုးလို့ ပါ (ပြောင်းပြန်မစဉ်းစားနဲ့ နော် ....များက တကယ်ပြောတာ) ...ဘာလိုလို နဲ့ ပြန်ဖို့ နှစ်ပါတ်လောက်ပဲလိုတော့တယ်
ပျော်လိုက်တာ... ကျွမ်းတွေဘာတွေတောင်ထိုးလိုက်ချင်သေးတာ
ပြန်ရောက်ရင်စားဖို့ စဉ်းစားထားတာတွေလဲ တပုံကြီး
ဒီက အမတွေကတောင်ပြောတယ် ချက်ချင်းတရားလွန်မစားနဲ့  ချန်းပီးကုန်မယ်တဲ့ 
ဟီးဟီး အဲလိုအားပေးကြတာ ကို့ ကိုဆို အကြောင်းသိပြီးသား..
ညဆို နှစ်နာရီလောက်ထိက စားလို့ ကောင်းတုန်းလေ
နောက်ပြီး ကျိုက်ထီးရိုးဘုရားကြီးကိုလဲအရမ်းဖူးချင်တယ်
တရက်နှစ်ရက်နေပြီး သူနဲ့  ကျိုက်ထီးရိုးသွားမယ် လို့ စဉ်းစားတယ်
သူကတော့ ကောင်းကောင်းနားစေချင်သေးတယ်...များကနေလို့ လဲသိပ်မကောင်းသေးတော့....
ပြန်ရောက်ရင် ဒီဘလော့လေးကို ဖွင့်လို့ မှရပါ့မလားမသိဘူးနော်
သူ့ ကို ဖွင့်ခိုင်းတာ ဖွင့်လို့ မရဘူးတဲ့  ...
အင်းးးးးးးးးးးးးးးး ကျန်တဲ့ နှစ်ပါတ်ကို ပြက္ခဒိန်မှာ တနေ့ ချင်းခြစ်ပြစ်ရင်း နှုတ်ဆက်စရာရှိတာလေးတွေနှုတ်ဆက်ရင်းနဲ့  မကြာမီ..လာမည် ....မျှော်....................