Tuesday 2 March 2010

အလွမ်းတွေ....

အခုတလောတော်တော်လွမ်းတယ်
စားလဲ သတိရတယ် ဘယ်သွားသွားလဲသတိရတယ်
သူနဲ့ စတွေ့ ပြီး သုံးနှစ်ကျော်အတွင်းတခါမှ မခွဲဖူးဘူး
ဘာဆိုင်လဲတော့မသိဘူး...၀ိုင်းဝိုင်းသီချင်းလေးတွေနားထောင်ရင် ပိုလွမ်းတယ်
တခါတလေ ကို့ ဘာသာကိုတောင်ရှက်တယ်း))
သူကတော့ လူကြီးမို့ လို့ လားမသိဘူး.. လွမ်းကြောင်းဆွေးကြောင်းသိပ်မပြောလိုဘူး
ကိုကသာ...ဟင့် ...ဒါကြောင့် ရှက်တယ်လို့ ပြောတာ (ရီနဲ့ နော်)
တခါတလေ သူနဲ့ ဗီဇက်အိုမှာ စကားပြောနေတုန်း သူ့ ဘေးကလူတွေနဲ့ ရီမောပြီးစကားပြောနေရင်
ဒီဘက်ကနေ ရန်လုပ်သေးတာ ..ဟွန်း ..ဒီကမရှိလဲပျော်နေတယ်ပေါ့လေ..ဆိုပြီး စိတ်ကောက်သေးတာ
အမှန်အတိုင်း ၀န်ခံရရင် သူနဲ့ ယူပြီး ဒီသုံးနှစ်မှာ အရမ်းစိတ်ချမ်းသာခဲ့ ရပါတယ်
မိဘတွေနဲ့ နေတုန်းက အိမ်မှာဆို သမီးအကြီးဆုံး မြေးအကြီးဆုံးဆိုတော့ ကိုက ကလေးလုပ်လို့ မရဘူး..
လူကြီးတယောက်လို နေခဲ့ ရတာ...အခုဆို မေမေတို့ ကတောင် အံ့သြနေကြတယ်
ကို တော်တော်ဆိုးလာတယ်တဲ့ ...တကယ်တော့နွဲ့ ဆိုးပါလေ..တကယ်မဟုတ်ပါဘူး
တခါတလေ ဆိုးချင်တိုင်းဆိုးပြီး သူစိတ်ဆိုးသွားလားဆိုပြီး ချောင်းကြည့်ရသေးတာ ..
သူ့ ကို ခင်ပွန်းဆိုတာထက် အကိုကြီးတယောက်လိုလဲတွယ်တာမိပါတယ်..
အဲတာကြောင့် တချိန်များ သူက ဒီဘလော့လေးကို ၀င်ကြည့်ဖြစ်ခဲ့ရင် သိစေချင်လို့ ..
ဒီ ပို့ စ်လေးကိုရေးခဲ့ ပါတယ်....
အခုချိန်ထိ ညီမလေးကို စောင့်ရှောက်ပြီးအလိုလိုက်ခဲ့ တဲ့ အတွက်ကျေးဇူးတင်ပါတယ်
နောင် ကိုလဲ ဘေးနားကနေ ပါရမီဖြည့်ဖက်တယောက်အနေနဲ့ အမြဲရှိချင်ပါတယ်
လောကဓံကို တူတူရင်ဆိုင်ပြီးဘာအခက်အခဲပဲရှိရှိ ပြောပြစေချင်တယ်.....
သူ့ မှာလဲ ကိုတယောက်တည်း၊ ကို့ မှာလဲ သူတယောက်တည်းပဲ ရှိပြီး....
အနားမှာ တသက်လုံးနေပါရစေလို့ ..............


1 comment:

  1. ရွေလက်မြဲမြဲတွဲနိုင်ကြပါစေ-
    အမြန်ဆုံးပြန်လည်တွေ့ ဆုံနိုင်ဋ္ဌကပါစေ-
    အတူတူတွေ့ ဋ္ဌကတဲ့အခါဒီကွန်မန့်တွေကိုမေ့ပြီပေါ့-
    ကျေးဇူးပြုပြီး ဂျစ်တူးကို ဂျစ်တူးလို့ဘဲခေါ်ပေးပါ-

    ReplyDelete